သဘာဝကျောက်မျက်ရတနာများ
-
ယုန်နှစ်အတွက် ဆောင်ထားသင့်သောကျောက်မျက်ရတနာများ
အားလုံးသိကြတဲ့အတိုင်းပဲ ၂၀၂၃ ခုနှစ်ဟာ တရုတ်ရိုးရာအရ ယုန်နှစ်ဖြစ်ပါတယ်။ ၂၀၂၃ အပြင် ၁၉၂၇၊ ၁၉၃၉၊ ၁၉၅၁၊ ၁၉၆၃၊ ၁၉၇၅၊ ၁၉၉၉၊ နဲ့ ၂၀၁၁ နှစ်များဟာလည်း တရုတ်ရိုးရာအရ ယုန်နှစ်များဖြစ်ကြပါတယ်။ ၂၀၂၃ခုနှစ်မှာ ဆောင်သင့်တဲ့ ယုန်နှစ်နဲ့ပတ်သက်််သော ကျောက်လေးတွေအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ -
Aura Crystals
Aura crystals လေးတွေကတော့ အခြေခံကျောက်တစ်မျိုးမျိုးရဲ့ အပေါ်ယံအလွှာကို ခေတ်မီ အဂ္ဂိရတ်အတတ်ပညာနဲ့ ဖြူနီပြာဝါ သက်တံ ရောင်စုံဖြာအောင် ဖုံးအုပ်ကာရံလိုက်တဲ့အခါမှာ ဖြစ်ပေါ်လာပါတယ်။
လူတိုင်းမှာ ကိုယ်ရောင်ကိုယ်ဝါ ကိုယ်စီရှိကြပြီး ဒီအရောင်အဝါတွေဟာလည်း လူတစ်ယောက်ချင်းစီရဲ့ အနေအထိုင်၊အပြုအမူ၊ အပြောအဆိုတွေရဲ့ ကောင်းခြင်း၊ ဆိုးခြင်းပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါ (သို့) Aura ကိုနဂိုအတိုင်းပြန်ရလာအောင် (သို့) ပိုမိုကောင်းမွန်လာအောင်လုပ်လို့ရနိုင်လား?