ကမ္ဘာနှင့်ကမ္ဘာ့အပြင်ဘက်ရှိစွမ်းအင်များစုပေါင်း၍မွေးဖွားလာသောကျောက်

အားလုံးဘဲမင်္ဂလာပါရှင် Ruby Mo Mo Pageမှပြန်လည်ကြိုဆိုလိုက်ပါတယ်။🥰

ဒီနေ့ လေးမှာတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းစေမယ့်ကျောက်လေးတွေအကြောင်းမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီကျောက်လေးတွေကို သူတို့ရဲ့ဖြစ်ပေါ်လာပုံအဆင့်ဆင့်နဲ့ စွမ်းအင်တွေဟာ ကမ္ဘာမြေကြီးနဲ့တင်မကဘဲ ကမ္ဘာအပြင်ဘက်ကတချို့အရာတွေနဲ့ပါချိတ်ဆက်မှုရှိနေတယ်လို့ လူအများစုကယုံကြည်ကြပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ Ruby Mo Mo ကနေမှ ဒီနေ့topicလေးကို "ကမ္ဘာအပြင်ဘက်မှဧည့်သည်များ”လို့အမည်ပေးပြီး ဒီကျောက်လေးများအကြောင်းကိုဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။သူတို့လေးတွေကို Tektite လို့အမည်ပေးထားကြပါတယ်။ Tektiteနာမည်ဟာ ဂရိဘာသာစကား “tektos” မှဆင်းသက်လာပြီး အရည်ပျော်မှတ်အပူချိန်ကြောင့်ပျော်ဆင်းလာတဲ့အရာများလို့အဓိပ္ပာယ်ရပါတယ်။

ဖြစ်ပေါ်လာပုံအဆင့်ဆင့်-✨

ဥက္ကာခဲဟာ ကမ္ဘာ‌မြေလေထုထဲရောက်လာတာနှင့်တပြိုင်နက် ကမ္ဘာမြေဆွဲအားနဲ့ကြုံတွေ့ရပြီး ဥက္ကာခဲနဲ့လေထုကြားပွတ်တိုက်အားတွေဖြစ်ပေါ်လာပါတယ်။ ဒီပွတ်တိုက်အားတွေအပြင် တစ်နာရီမိုင်ရာချီဆင်းကျလာတဲ့အရှိန်ကြောင့် ဥက္ကာခဲအတွင်းအပူရှိန်မြင့်တက်မှုတွေဖြစ်ပေါ်လာပါတယ်။ ဒီလိုမျိုးဥက္ကာမီးလုံးကြီးနဲ့ကမ္ဘာမြေကြီးထိတွေ့ခြင်းအားဖြင့် အနီးနားပတ်ဝန်းကျင်မြေကြီးထဲရှိ ကျောက်နှင့်ဖန်စလေးများအား ဥက္ကာခဲကျောက်စတွေနှင့်အတူရောနှောပျော်ကျခြင်းဖြစ်စဉ်တွေဖြစ်စေခဲ့ပါတယ်။ Tektite တွေဟာဒီလိုမျိုးဖြစ်စဉ်တွေအဆင့်ဆင့်ကနေဖြစ်ပေါ်လာတဲ့ ရှားပါးကျောက်လေးတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကျောက်လေးတွေရဲ့ သက်တမ်းဟာ 35.5millions နီးပါးရှိပါတယ်။ ☄️☄️

Tektite အမျိုးအစားများ-

Tektite လေးတွေဟာ သူတို့ရဲ့တည်နေရာနဲ့ အရောင်မူတည်၍ နာမည်အမျိုးမျိုးသမုတ်ခြင်းခံရပါတယ်။ ချက်သမ္မတနိုင်ငံမှာတူးဖော်ရရှိတဲ့ အစိမ်းရောင် Tektite လေးတွေကိုတော့ Moldavite လို့ခေါ်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘီလိတန်ကျွန်းမှာတွေ့ရတဲ့ အညိုရောင်Tektite လေးတွေကိုတော့ Billitonite လို့အမည်ပေးကြပါတယ်။ သြစတြီးယားနိုင်ငံ တက်စမေးနီးယား ပြည်နယ်ရှိ Darwinite tektites လေးတွေကတော့ အရောင်အားဖြင့်အစိမ်းရောင်ကနေ အမဲရောင်အသီးသီးရှိကြပါတယ်။ အဝါရောင်နုနုလေးရှိတဲ့ tektiteကျောက်လေးကိုတော့ Libya နိုင်ငံရဲ့ သဲကန္တာရမှာတူးဖော်ရရှိနိုင်ပါတယ်။ ဒီစိတ်ဝင်စားစရာကောင်းတဲ့ကျောက်လေးတွေအကြောင်းကို ကျွန်မတို့ Ruby Mo Mo Pageကနေ videoအရှည်လေးနဲ့အသေးစိတ်ပြောပြပေးသွားအုံးမှာမို့ စောင့်ကြည့်ပေးနေဖို့မမေ့ကြနဲ့အုံးနော်။

Tektite ရဲ့အကျိုးပြုပုံများ -

Tektite လေးတွေကို စိတ်ဝိညာဉ်ကုစားတဲ့အခါအသုံးများကြပါတယ်။ သူတို့လေးတွေကို ဆောင်ထားကြတဲ့လူတွေကို ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ အရာတွေလွှမ်းမိုးခံရခြင်းကနေ ကာကွယ်ပေးနိုင်စွမ်းရှိကြပါတယ်။ ကမ္ဘာမြေကြီးနဲ့အာကာသရှိတချို့မသိနိုင်တဲ့အရာတွေနဲ့ပေါင်းဆက်အခြေပြုပြီးဖြစ်တည်လာတဲ့ ကျောက်လေးတွေဖြစ်တာမို့ ကမ္ဘာအပြင်ဘက်မှာရှိတဲ့ အစောင့်အရှောက်တွေနဲ့ပါချိတ်ဆက်ပေးနိုင်တယ်လို့ယုံကြည်ခြင်းခံရပါသေးတယ်။ Tektiteလေးတွေကိုဆောင်ထားခြင်းသော်လည်းကောင်း၊ အသုံးအဆောင်အနေနဲ့ ဝတ်ဆင်ခြင်းသော်လည်းကောင်း မိမိတို့ရဲ့ အိမ်မက်ပန်းတိုင်တွေကို Tektiteလေးတွေကကူညီဖြည့်စည်းပေးနိုင်ကြပါတယ်။ ဒါတွေတင်မကဘဲ ဘဝအချိုးအကွေ့အခက်အခဲတွေကြုံတိုင်း မိမိတို့ကို စိတ်ရောကိုယ်ပါသန်စွမ်းအောင်အားဖြည့်ပေးနိုင်စွမ်းရှိတဲ့ကျောက်လေးတွေလည်းဖြစ်ပါတယ်။ အတွေးချက္ကရအတွက်သင့်တော်တဲ့ကျောက်ဖြစ်သလို Aries နဲ့ Cancerမွေးလအဆောင်ကျောက်များရဲ့ အဖော်မွန်ကျောက်လေးတွေလည်းဖြစ်ပါသေးတယ်။ 💖

တူးဖော်ရရှိနိုင်သောနေရာများ-

Europe, United States, China, Africa, Australia, Philippines, Libya နှင့် တခြားဥက္ကာခဲကြွေကျခဲ့တဲ့နေရာတွေမှာလည်းတွေ့နိုင်ပါတယ်။ အခု post လေးမှာ ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ကျောက်လေးတွေအကြောင်းအကျဉ်းချုပ်လေးသာပါတာမို့ ဒီကျောက်လေးတွေအကြောင်းအသေးစိတ်သိချင်သူများအတွက် ကျွန်မတို့ Ruby Mo Mo Pageလေးကနေ videoတင်ပေးအုံးမှာမို့ Pageလေးကို like & follow လုပ်ထားပြီးစောင့်ကြည့်ပေးကြပါအုံးနော်။ အစအဆုံးဖတ်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ နောက် articleလေးတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်။ အားလုံးဘဲဘေးအန္တရာယ်ကင်းကြပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ruby mo moမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။ 🤍