Natural Gemstones From Around the World ✦ Family Legacy Since 1988 · Free Shipping $150+ ✦ Custom Jewelry & Repairs · Brooklyn, NY — (718) 232-8358 Free Shipping $150+ · Brooklyn Showroom · (718) 232-8358
Tree of Life
Journal

Tree of Life

အားလုံးပဲ မင်္ဂလာပါရှင်။ Legacy Timeless Jewel Page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီနေ့မှာတော့ လူသားတွေရဲ့ ရှေးဟောင်းသင်္ကေတတစ်ခုဖြစ်တဲ့ ဇီဝသစ်ပင်ရဲ့ အဓိပ္ပာယ်နဲ့ သူ့ရဲ့ အစိတ်အပိုင်းများအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ရိုးရာဓလေ့များစွာမှာတော့ ဇီဝသစ်ပင်ကို ရှင်သန်ကြီးထွားမှု၊ တိုးတတ်ပြောင်းလဲမှု နဲ့ သက်ရှိများအားလုံးရဲ့ဆက်နွယ်နေမှုတို့ရဲ့ သင်္ကေတအနေနဲ့ယုံကြည်ခဲ့ကြပါတယ်။ ဒါ့အပြင် ရှေးဟောင်းအီဂျစ်တွေကလည်း ဇီဝသစ်ပင်ကို ဘာသာရေးဆိုင်ရာဓလေ့ထုံးတမ်းတွေအတွက် အသုံးပြုခဲ့ကြပါတယ်။

 

ရှေးဟောင်းခေတ်တွေတုန်းကတော့ ဇီဝသစ်ပင်ဟာ အစွမ်းသတ္တိများစွာရှိတာကြောင့် ဘာသာရေးအရနှင့် ရိုးရာဓလေ့ဆိုင်ရာနေရာများအတွက် အသုံးပြုခဲ့ကြပါတယ်။ ဇီဝသစ်ပင်တွင် ဘာသာရေးဆိုင်ရာ (သို့မဟုတ်) ရိုးရာဓလေ့ဆိုင်ရာ ယုံကြည်မှုအပေါ် မူတည်ပြီး အဓိပွာယ်များစွာရှိပါတယ်။ 

၁။ ဆက်နွယ်မှုနှင့် တစ်ဦးကိုတစ်ဦးကိုအမှီပြုခြင်း - ဇီဝသစ်ပင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိများအကြားဆက်နွယ်မှုရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ ဇီဝသစ်ပင်ရဲ့ အမြစ်၊ ပင်စည်နဲ့ အကိုင်းများ အတူတကွ အလုပ်လုပ်ပြီး ကြီးထွားအောင်လုပ်ဆောင်နေခြင်းက ကမ္ဘာပေါ်မှသက်ရှိများ တစ်ဦးပေါ်တစ်ဦးအမှီပြုပြီး နေထိုင်နေခြင်းကို ပေါ်လွင်စေပါတယ်။

၂။ ကြီးထွားခြင်းနှင့်ပြန်လည်စတင်ခြင်း - ဒုတိယအချက်အနေနဲ့ ဇီဝသစ်ပင်ဟာ အစဉ်အမြဲလည်ပတ်နေတဲ့သဘာဝတရားကြီးကို ကိုယ်စားပြုတဲ့ ကြီးထွားခြင်းနဲ့ ပြန်လည်စတင်ခြင်းရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။ ဆောင်းဦးတွင် သစ်ရွက်များကြွေ၍ နွေဦးတွင် သစ်ရွက်အသစ်များပြန်ထွက်လာကာ တစ်နှစ်ထပ်တစ်နှစ် ဇီဝသစ်ပင်ပိုမိုကြီးထွားလာခြင်းက ကမ္ဘာပေါ်မှ သက်ရှိများသည် နှစ်စဉ်ပိုမိုကြီးထွားဖွံ့ဖြိုးလာခြင်းကို ပေါ်လွင်စေပါတယ်။

၃။ ဟန်ချက်ညီခြင်းနှင့်သဟဇာတဖြစ်ခြင်း - ဇီဝသစ်ပင်၏ အမြစ်၊ ပင်စည် နှင့် အရွက်များ အတူတကွ ဟန်ချက်ညီစွာ အလုပ်လုပ်နေခြင်းက ကမ္ဘာလောကကြီး၏ ဟန်ချက်ညီမှုနှင့်သဟဇာတဖြစ်နေမှုကို ဖော်ဆောင်ပါတယ်။

၄။ သက်ဝင်ယုံကြည်မှုနှင့်တွေးခေါ်မှု - တချို့သော ဘာသာရေးနှင့်ရိုးရာဓလေ့များအရ ဇီဝသစ်ပင်၏ တစ်စတစ်စရှင်သန်ကြီးထွားနေမှုဟာ သက်ရှိများ၏ အတွေးအခေါ်နှင့်သက်ဝင်ယုံကြည်မှုများတိုးပွားနေခြင်းကိုလည်း ဖော်ဆောင်နေပါသေးတယ်။

 

ဇီဝသစ်ပင်တွင် အမြစ်၊ ပင်စည်၊ အကိုင်း၊ အဆစ်၊ နှင့် အရွက်ဆိုပြီး အပိုင်း () ပိုင်းပါရှိပြီး အပိုင်းတစ်ခုခြင်းဆီဟာလည်း အဓိပ္ပာယ်တစ်ခုဆီ ရှိနေပါသေးတယ်။

အမြစ် - အမြစ်ဟာ အခြေခံအကျဆုံးအစိတ်အပိုင်းအနေနဲ့ ခွန်အားနဲ့ကြီးထွားမှုကို ကိုယ်စားပြုပြီး သက်ရှိများ တစ်ဦးနှစ်တစ်ဦးဆက်နွယ်၍ မှီခိုခြင်းရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ပင်စည် - ပင်စည်ဟာလည်း အဓိကကျတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ကြီးထွားမှုကို ကိုယ်စားပြုတဲ့အပြင် သက်ရှိများ အောင်မြင်တိုးတက်အောင်ကြိုးစားနေခြင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေကြခြင်းကို ရည်ရွယ်ပါတယ်။

အကိုင်းများ - အကိုင်းများကတော့ ကမ္ဘာပေါ်ရှိသက်ရှိများ မတူကွဲပြားစွာရှင်သန်တည်ရှိနေကြခြင်း နှင့် ပြဿနာများအားဖြေရှင်းနိုင်ခြင်းကို ကိုယ်စားပြုပါတယ်။

အဆစ်များ - အဆစ်များကလည်း သက်ရှိများ၏ ကွဲပြားခြားနားခြင်း နှင့် အစဉ်အမြဲတိုးတက်ပြောင်းလဲနေခြင်းကို ကိုယ်စားပြုပါတယ်။

အရွက်များ - အရွက်များကတော့ သက်ရှိတစ်ဦးချင်းစီကို ကိုယ်စားပြုပြီး သက်ရှိများဟာ သီးခြားရှင်သန်နိုင်ခြင်း၊ ပြဿနာများအားကျော်လွှားနိုင်ခြင်း၊ နှင့် လိုက်လျောညီထွေနေထိုင်နိုင်ခြင်း ရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။

 

အချုပ်အနေနဲ့ပြောရရင်တော့ ဇီဝသစ်ပင်တွင် ယုံကြည်မှုအပေါ်မူတည်ပြီး အဓိပွာယ်များစွာ ရှိလို့နေပါတယ်။ သဘာဝကျောက်များနဲ့ပြုလုပ်ထားတဲ့ ဇီဝသစ်ပင်များကို အသုံးပြုမယ်ဆိုရင်တော့ ပိုပြီးအကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။ သဘာဝကျောက်များနဲ့ပြုလုပ်ထားတဲ့ဇီဝသစ်ပင်အကြောင်းကိုလည်း “Legacy Timeless Jewel “Youtube Channel မှာ သွားရောက်လေ့လာနိုင်ပါတယ်။