Natural Gemstones From Around the World ✦ Family Legacy Since 1988 · Free Shipping $150+ ✦ Custom Jewelry & Repairs · Brooklyn, NY — (718) 232-8358 Free Shipping $150+ · Brooklyn Showroom · (718) 232-8358
Gemstones for new beginnings & wealth in 2023
Citrine

Gemstones for new beginnings & wealth in 2023

အားလုံးပဲ မင်္ဂလာပါရှင်။ လူကြီးမင်းတို့အားလုံး နှစ်ဟောင်းကို အတိတ်မှာ ထားခဲ့ပြီး နှစ်သစ်ကို အကောင်းဆုံးစလှမ်းနေ ကြပြီလို့ ယုံကြည်ပါတယ်။ ဘဝရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို အကောင်းဆုံးဖြတ်သန်းကြဖို့အတွက်ဆိုရင် ငွေကြေးဥစ္စာနှင့် ပျော်ရွှင်မှုကိုလည်းမေ့ထားလို့မရနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ ရဲ့ Timeless Jewel Page မှ လူကြီးမင်းတို့ကို ငွေကြေးဥစ္စာ ဒီရေအလား တိုးပွားလာနိုင်အောင် အကူအညီပေးနိုင်တဲ့ ကျောက်၅မျိုးအကြောင်း ရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင်အချိန်မဆွဲတော့ဘဲနဲ့ စလိုက်ကြရအောင်လား။

 

ပထမဆုံး ဆွေးနွေးပြောပြချင်တဲ့ကျောက်ကတော့ကျောက်စိမ်းဖြစ်ပါတယ်။ ကျောက်စိမ်းဟာဆိုရင်ကြွယ်ဝချမ်းသာမှုတွေကိုပေးစွမ်းနိုင်တဲ့ကျောက်အနေနဲ့ နာမည်ကျော်ကြားပါတယ်။ ရှေးခေတ်အချိန်ကတည်းက ယခုမျက်မှောက်ခေတ်တိုင်အောင် တရုတ်ယဉ်ကျေးမှုရိုးရာအရ ကျောက်စိမ်းဟာ လူကြိုက်အများဆုံးနှင့် တန်ဖိုးအကြီးဆုံးကျောက်အနေနဲ့ နေရာယူထားဆဲဖြစ်ပါတယ်။ ကျောက်စိမ်းဟာ ကံကောင်းခြင်းတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ယူဆောင်ပေးလာနိုင်တဲ့ကျောက်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြပါတယ်။ ဒါတွေတင်မကဘဲ သူယောင်ကျောက် (Rose Quartz) လိုမျိုး ငယ်ရွယ်နုပျိုခြင်း ဂုဏ်သတ္တိတွေကိုလည်း ပေးစွမ်းနိုင်တယ်လို့လည်း ဆိုစမှတ်ပြုကြပါတယ်။

 

Jade အကြောင်းပြောပြီးရင်တော့  “New Jade” (ဝါ) “Prehnite” ကျောက်အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ အတိတ်က စိတ်ဒဏ်ရာတွေ ဆီကလွတ်မြောက်ချင်ပြီး ဘဝကို စိတ်သစ် လူသစ်အနေနဲ့ အကောင်းဆုံးပြန်စချင်တဲ့လူတွေအတွက် ရွေးချယ်သင့်တဲ့ကျောက်ပဲဖြစ်ပါတယ်။ အတိတ်က မလိုအပ်ဘဲဝန်လေးစေနေတဲ့ အရာတွေကို လွှတ်ချ‌စေပြီးတော့ ဘဝသစ်အတွက် ခြေလှမ်းလှမ်းနိုင်အောင် အားအင်တွေပေးစွမ်းနိုင်တဲ့ကျောက် ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့ ၂၀၂၃ ရဲ့ ဘဝနဲ့ဆိုင်တဲ့ ရည်မှန်းချက်တွေကို ချမှတ်အကောင်အထည်ဖော်နိုင်စေဖို့  Prehnite ကို ဒီပို့စ်အတွက် ရွေးချယ်ရခြင်းဖြစ်ပါတယ်။

 

တတိယမြောက်တစ်ခုကတော့ “Citrine” ကျောက်ဖြစ်ပါတယ်။ ဒီကျောက်ဟာဆိုရင် သူ့လုပ်နိုင်စွမ်းနဲ့ လိုက်ဖက်လှတဲ့ ကလောင်နာမည်တွေ ပိုင်ဆိုင်ထားတဲ့ကျောက်ဖြစ်ပါတယ်။လာဘ်ခေါ်ကျောက်” “ကုန်သည်ကျောက်စတဲ့ နာမည်တွေကိုပိုင်ဆိုင်ထားပြီး စီးပွားစချင်သူများ အလုပ်အကိုင်အသစ်ရှာဖွေချင်သူများ မဖြစ်မနေ ဆောင်ကိုဆောင်ထားသင့်တဲ့ ကျောက်ဖြစ်ပါတယ်။ Citrine ကျောက်ဟာ ငွေရေးကြေးရေးနှင့် သက်ဆိုင်တဲ့ကိစ္စတွေမှာ  ခိုင်ခံ့စေခြင်း၊ တည်မြဲစေခြင်း၊ အောင်မြင်စေခြင်း စတာတွေအပြင် မထင်မှတ်ထားတဲ့ အခွင့်အလှမ်းကောင်းတွေကိုလည်း ယူဆောင်လာပေးနိုင်စွမ်း ရှိပါတယ်။

 

ဥစ္စာဓန ကြွယ်ဝချမ်းသာနိုင်ရေးအတွက် နောက်ထပ်ရွေးချယ်ထားတဲ့ ကျောက်တစ်မျိုးကတော့ “Pyrite” ‌ကျောက်ပဲဖြစ်ပါတယ်။ ဒီကျောက်ရဲ့ပုံသဏ္ဍာန်ဟာ ရွှေနှင့် အသွင်သဏ္ဍာန်ဆင်တူတာမို့အရူးရွှေလို့လည်းနာမည်ရထားပါသေးတယ်။ တစ်ခါတလေမှာ မိမိဘဝ အောင်မြင်ကောင်းစားရေးအတွက် ဆုံးဖြတ်ချက်ချမှုတွေ လုပ်ဆောင်ရာမှာ တွန့်ဆုတ်နေတတ်တာမျိုး၊ တစ်ခုခုကကျွန်းခံနေတတ်တာမျိုး (သို့မဟုတ်) ဘဝရဲ့အလှည့်အပြောင်းတွေမှာ ဆုံးဖြတ်ချက်ခိုင်မာ မှန်ကန်စေဖို့ အကူအညီလိုနေတဲ့ အခါမျိုးတွေမှာဆိုရင် ဒီ Pyrite ကျောက်လေးက မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ပေးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ 

 

နောက်ဆုံးဖြစ်ပေမယ့် ဒီနှစ်အတွက်မေ့ထားလို့မရတဲ့ ကျောက်ကတော့ “ Tiger’s Eye” ဘဲဖြစ်ပါတယ်။ ဒီကျောက်လေးဟာ ၂၀၂၃ အတွက် ကံကောင်းစေတဲ့ကျောက်ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Tiger’s Eye ‌ကျောက်ဟာ ကြောက်ရွံ့မှုတွေကိုကျော်လွှားနိုင်စေပြီးကျောက်ဆောင်ထားတဲ့လူတွေကို အင်အားတွေပေးနိုင်တဲ့ကျောက်ဖြစ်ပါတယ်။ လူကြီးမင်းရဲ့ အိမ်မက်တွေ အကောင်အထည်ပေါ်လာနိုင်ဖို့ ကူညီနိုင်စွမ်းရှိရုံသာ မကဘဲ လာဘ်လာဘရွှင်လန်းပေါများစေမှု၊ မိမိကိုယ်ကိုယုံကြည်မှုနှင့် စိတ်ခွန်အားသတ္တိ စတာတွေကိုပေးစွမ်းနိုင်တဲ့ကျောက်တစ်မျိုးလည်းဖြစ်ပါတယ်။

 

ဒီဆောင်းပါးလေးကိုအဆုံးထိဖတ်ပေးတဲ့ အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။ ၂၀၂၃ ခုနှစ်ကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 

ရွှင်လန်းချမ်းမြေ့နိုင်ပါစေ....

Timeless Jewel