Natural Gemstones from Mogok, Burma ✦ Family Legacy Since 1988Free Shipping $150+ ✦ Custom Jewelry & RepairsBrooklyn, NY — (718) 232-8358Natural Gemstones from Mogok, Burma ✦ Family Legacy Since 1988Free Shipping $150+ ✦ Custom Jewelry & RepairsBrooklyn, NY — (718) 232-8358

ယုန်နှစ်အတွက် ဆောင်ထားသင့်သောကျောက်မျက်ရတနာများ

ယခုနှစ်သစ်မှာ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ၂၀၂၃ ခုနှစ်ဟာ တရုတ်ရိုးရာအရ ယုန်နှစ်ဖြစ်ပါတယ်။ ၂၀၂၃ အပြင် ၁၉၂၇၊ ၁၉၃၉၊ ၁၉၅၁၊ ၁၉၆၃၊ ၁၉၇၅၊ ၁၉၉၉၊ နဲ့ ၂၀၁၁ နှစ်များဟာလည်း တရုတ်ရိုးရာအရ ယုန်နှစ်များဖြစ်ကြပါတယ်။ဒီနေ့မှာတော့ Legacy Timeless Jewelry page လေးကနေ ယုန်နှစ်နဲ့ပတ်သက်တဲ့ ကျောက်လေးတွေအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ယုန်နှစ်မှာ မွေးဖွားတဲ့သူများဟာ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အများနဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း နေထိုင်တတ်ကြပါတယ်။ ထို့အပြင် ယုန်နှစ်ဖွားများဟာ ဘဝမှာအပြောင်းအလဲများစွာနဲ့လည်း ကြုံတွေ့ရလေ့ရှိတတ်ပါတယ်။ ယုန်နှစ်ဟာ နူးညံ့ပြီးအေးချမ်းလှတဲ့နှစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးပဲ ယခုယုန်နှစ်မှာ နှစ်ဟောင်းမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲများကို ကျော်လွှားလွတ်မြောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ယုန်နှစ်အတွက် ကံကောင်းစေတဲ့အရောင်များကတော့ အနီ၊ အပြာ၊ ပန်းရောင် နဲ့ ခရမ်းရောင် တို့ဖြစ်ကြပါတယ်။တရုတ်ရိုးရာအရ ယုန်နှစ်ဟာ အသက်ရှည်ခြင်း၊ ငြိမ်းချမ်းခြင်း၊ နဲ့ ကြွယ်ဝခြင်းတို့ကို ဖော်ဆောင်ပါတယ်။ ဒါကြောင့် ယုန်နှစ်မှာ မိမိအတွက် ကောင်းခြင်းမင်္ဂလာတွေကို ဆောင်ယူပေးလာနိုင်စေဖို့အတွက် ဆောင်ထားသင့်တဲ့ ကျောက်လေးတွေကို ပြောပြပေးပါ့မယ်။ အဲ့ဒီကျောက်လေးတွေကတော့ Green Agate ပန်းရောင်ဖရဲအူ (Pink Tourmaline) ခရမ်းစွဲ ( Amethyst) စလင်းဝါ (Citrine) နဲ့ ကျောက်စိမ်း (Jade) တို့ပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ဒီနှစ်မှာ ရောဂါများကင်းဝေးပြီးအသက်ရှည်အောင် ဆောင်သင့်တဲ့ ကျောက်လေးဖြစ်တဲ့ Green Agate အကြောင်း ပြောပြချင်ပါတယ်။ Green Agate ဟာ လှပပြီး ထူးဆန်းတောက်ပတဲ့ အရောင်များစွာရှိတာကြောင့် လက်ဝတ်ရတနာနဲ့အလှဆင်ပစ္စည်းများ လုပ်တဲ့နေရာမှာ အသုံးများတဲ့ကျောက်တစ်မျိုး ဖြစ်ပါတယ်။ Green Agate ဟာ ဆောင်ထားသူများကို  စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် သွေးကြောများနဲ့ သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ကိုယ်ခံအားကောင်းစေပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ကျောက်တစ်မျိုးပဲ ဖြစ်ပါတယ်။ Green agate အပြင် Black Obsidian နဲ့ Red Jasper ကျောက်များကိုလည်း ကျန်းမာရေးအတွက် အဆောင်အနေနဲ့ အသုံးပြုလို့ရပါသေးတယ်။ Black Obsidian ကျောက်ဟာ အောက်လမ်းအတတ်ပညာများမှ ကာကွယ်ပေးနိုင်ပြီး Red Jasper ဟာ ကိုယ်ဝန်ဆောင်ခြင်း နဲ့ ကိုယ်ခံအားအတွက် အထောက်အကူဖြစ်စေပါတယ်။

နောက်ထပ် ရှင်းလင်းဆွေးနွေးပြောပြပေးသွားမယ့် ကျောက်လေးတွေကတော့ ယခုနှစ်မှာ စိတ်ကိုအေးချမ်းစေပြီး စိတ်ဖိစီးမှုများလျော့နည်းစေရန် ကူညီပေးနိုင်တဲ့ ပန်းရောင်ဖရဲအူ (Pink Tourmaline) (သို့မဟုတ်) ခရမ်းစွဲ ( Amethyst) ကျောက်များပဲ ဖြစ်ပါတယ်။ ဖရဲအူကျောက်ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ချက္ကရစွမ်းအင် မျိုးအတွက် အထောက်အကူဖြစ်စေတဲ့အပြင် လူချစ်လူခင်ပေါပြီး ကံကောင်းစေတဲ့ ကျောက်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပန်းရောင်ဖရဲအူနဲ့ လူအများစုသဘောကျနှစ်သက်ကြတဲ့ခရမ်းစွဲကျောက်ဟာ စိတ်ဖိစီးမှုများ၊ ကြောက်ရွံ့မှုများ၊ နဲ့ စိတ်ဓာတ်ကျမှုများအတွက် အထောက်အကူဖြစ်စေပြီး စိတ်တည်ငြိမ်အောင် ကူညီပေးပါတယ်။

ယခုယုန်နှစ်မှာ ကြွယ်ဝချမ်းသာမှုတွေအတွက် ဆောင်ထားချင်တယ်ဆိုရင်တော့ စလင်းဝါ (Citrine) (သို့မဟုတ်) ကျောက်စိမ်း (Jade) တို့ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း စလင်းဝါဟာ ပျော်ရွှင်မှုများကို ယူဆောင်လာနိုင်ပြီး ငွေဝင်လာဘ်ရွှင်စေဖို့ အသုံးများတဲ့ကျောက်တစ်မျိုးပဲဖြစ်ပါတယ်။ ယခုယုန်နှစ်မှာ လုပ်ငန်းသစ်၊ အလုပ်သစ်များ စတင်လုပ်ဆောင်နေတဲ့သူတွေ အနေနဲ့ အလုပ်တွေအဆင်ပြေအောင် စလင်းဝါကျောက်လေးကို အဆောင်အနေနဲ့ အသုံးပြုသင့်ပါတယ်။ 

စလင်းဝါအပြင် ဥစ္စာဓနကြွယ်ဝချမ်းသာဖို့အတွက်ဆိုရင် ကျောက်စိမ်းကိုလည်း မမေ့သင့်ပါဘူး။ လူအများစုကတော့ ကျောက်စိမ်းဟာ အစွမ်းများစွာရှိပြီး ကျန်းမာခြင်းနဲ့ ကံကောင်းခြင်းကို ယူဆောင်လာပေးနိုင်တယ်လို့ ယုံကြညကြပါတယ်။ တရုတ်ရိုးရာအရဆိုရင် ကျောက်စိမ်းကို ကံကောင်းစေတဲ့ အဆောင်ကျောက်အနေနဲ့ ဝတ်ဆင်ကြပြီး ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ကျောက်စိမ်းဟာ လာဘ်ရွှင်စေတဲ့အပြင် အလှအပအတွက်လည်း အထောက်အကူပြုတဲ့ကျောက်လည်း ဖြစ်ပါတယ်။ ယုန်နှစ်မှာ ကြွယ်ဝချမ်းသာမှုတွေတိုးပွားလာအောင် စလင်းဝါနဲ့ကျောက်စိမ်းအပြင် အခြားကျောက်တစ်မျိုးကို ဆောင်ချင်တယ်ဆိုရင်တော့ Adventurine ကို ဆောင်ထားဖို့ တိုက်တွန်းချင်ပါတယ်။ Adventurine ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေပြီး ဦးဆောင်နိုင်ရန်နှင့် ဆုံးဖြတ်ချက်များမှန်ကန်စေရန် ကူညီပေးပါတယ်။

ယုန်နှစ်မှာ ကံအနည်းငယ်ညံ့နေပြီး အခက်အခဲများနဲ့တွေ့နိုင်တဲ့ ကြက်ရာသီခွင်ရှိတဲ့သူတွေအနေနဲ့ကတော့ အပေါ်ကကျောက်လေးတွေကို အဆောင်အနေနဲ့ အသုံးပြုဖို့ အကြံပေးချင်ပါတယ်ရှင်။

 အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။ ၂၀၂၃ ယုန်နှစ်မှာ အားလုံးပဲ အကျိုးရှိပြီးအထောက်အကူပေးနိုင်တဲ့ကျောက်လေးတွေနဲ့အတူ အခက်အခဲများကိုကျော်ဖြတ်နိုင်ကြပါစေလို့ Legacy Timeless Jewel မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်။