Natural Gemstones from Mogok, Burma ✦ Family Legacy Since 1988Free Shipping $150+ ✦ Custom Jewelry & RepairsBrooklyn, NY — (718) 232-8358Natural Gemstones from Mogok, Burma ✦ Family Legacy Since 1988Free Shipping $150+ ✦ Custom Jewelry & RepairsBrooklyn, NY — (718) 232-8358

Mother of Pearl ပုလဲမာတာ (ကနုကမာ)

အားလုံးပဲ မင်္ဂလာပါရှင််။ ကျွန်မတို့ရဲ့ Ruby Momo Jewelry  စာမျက်နှာလေးမှ နွေးထွေးစွာ ပြန်လည် ကြိုဆိုလိုက်ပါတယ်။

တစ်စုံတစ်ယောက်ကများ ပင်လယ်သမုဒ္ဒရာကြီးလို့ ပြောလိုက်တာနဲ့ လူကြီးမင်းတို့ စိတ်ကူးစိတ်သန်းထဲမှာ ပုလဲလုံးလေးတွေ၊ ခရု၊ ကမာကောင်လေးတွေကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒါဆို အဲဒီ့ပုလဲလုံးလေးတွေကို မွေးထုတ်ပေးသူ ပိုင်ရှင်ဖြစ်တဲ့ ခရု၊ ကမာကောင်လေးရဲ့ အခွံလေးတွေ ကိုယ်နှိုက်ကလည်း ရတနာလောကမှာကနုကမာ ရတနာ (သို့မဟုတ်) Mother of Pearl’ ဆိုတဲ့ နာမည်နဲ့ နာမည်ကျော်ကြားတယ်ဆိုတာကိုလည်း ဆွေးနွေးပြောပြပေးချင်ပါတယ်။

Mother of pearl ကိုတစ်နည်းအားဖြင့် ပြင်သစ်လို “ Nacre”, 'ပုလဲမာတာ' လို့လည်း တင်စားခေါ်ဝေါ်ကြပြီး ခရုခွံ၊ ကမာခွံလေးတွေရဲ့  အတွင်းဖက် အခွံမာလေးတွေပေါ်မှာ ဇီဝသတ္တု ဓာတ်ပြုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အရာလေးတွေ ဖြစ်ပါတယ်။  ပြင်ပက ဝင်ရောက်လာတဲ့ အမှိုက်နှင့် သဲစလေးတွေကြောင့် ယားယံတဲ့ ဝေဒနာကို ကုစားဖို့ ခရုကမာကောင်လေးတွေဟာ အရည်တစ်မျိုးကို ညှစ်ထုတ်ပေးပါတယ်။ အဲဒီ့အရည်မှာ ကယ်လ်ဆီယမ် ကာဗွန်နိတ် အပါအဝင် အခြား အောဂန်းနစ် ဒြပ်ပေါင်းတွေများစွာ ပါဝင်ပါတယ်။ သူတို့ရဲ့ အထပ်ထပ် ကာရံပံ့ပိုးပေးတာကာနေ ပုလဲလုံးလေးတွေ ဖြစ်ပေါ်လာပြီး အဲဒီ့ပုလဲလုံးလေးတွေကို ကာပေးထားတဲ့ ခရု၊ ကမာခွံ အတွင်းသားလေးတွေဟာလည်း ပြာ၊ စိမ်း၊ နီ၊ ဝါ စတဲ့ သက်တံရောင်ပြေးလင်းလက်နေတဲ့ နှစ်သက်မက်မောစရာ အခွံမာလေးတွေ ဖြစ်လာပါတော့တယ်။ ပုလဲလုံးလေးတွေကို မွေးထုတ်ပေးတဲ့ Nacre အရည်လေးတွေကြောင့် ပုလဲရောင်ထနေတဲ့ ခုံး၊ ကမာ၊ ယောက်သွားခွံလေးတွေဟာ ကနုကမာ ပုလဲမာတာ (သို့) Mother of Pearl ဆိုတဲ့ နာမည်လေးကို ရရှိလာပါတော့တယ်။

ဒီ ကနုကမာလေးတွေကို လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက လူသားများက အမျိုးမျိုး တီထွင် ဆန်းသစ် အသုံးပြုခဲ့ကြပါတယ်။ သမိုင်းကြောင်းအစမှာ Native American လူမျိုးများက စတင်တွေ့ရှိခဲ့ပြီး လက်ဝတ်ရတနာအဖြစ်လည်းကောင်း၊ အခြားရွာနီးချုပ်စပ်များနဲ့ ကူးသန်းရောင်းဝယ်ရေး ပြုလုပ်ရန်အတွက်လည်းကောင်း အသုံးပြုခဲ့ကြပါတယ်။ တရုတ်ပြည်မှာဆိုရင် Shang မင်းဆက်နဲ့ Ming မင်းဆက်တွေမှာ ထင်ပေါ်ကျော်ကြားခဲ့ပြီး ပရိဘောဂ၊ ကျောက်မျက်ရတနာနဲ့  အထက်တန်းလွှာ လူတန်းစားတွေ ဝတ်ဆင်တဲ့ ဝတ်စားတန်ဆာများမှာ အလှဆင်ဖို့အတွက် ကနုကမာလေးတွေကို အသုံးပြုခဲ့ကြပါတယ်။ 

ဒါတင်မကသေးပါဘူး။ အီဂျစ်လူမျိုးတွေ အထွတ်အမြတ်ထားရာ ပိရမစ် အုတ်ဂူများမှာလည်း Mother of pearl ပါတဲ့ ရှေး‌ဟောင်းအမွေအနှစ်များကို တွေ့ရှိရတာကြောင့် ကနုကမာလေးတွေဟာ အီဂျစ်တော်ဝင်မျိုးနွယ်များနဲ့ လူချမ်းသာတွေရဲ့ အမြတ်တနိုးထားရာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

ဒီကနုကမာ ရတနာလေးတွေမှာ ဘယ်လိုအစွမ်းသတ္တိတွေများ ရှိတာလဲလို့ စာဖတ်သူအနေနဲ့ တွေးတောနေမိမယ် ထင်ပါတယ်။ 

အဖြေကတော့ Mother of pearl လို့ခေါ်တဲ့ ကနုကမာလေး‌တွေဟာ အသုံးပြုသူရဲ့ စိတ်ကို တည်ငြိမ်အေးချမ်းစေခြင်း၊ ပင်လယ်သမုဒ္ဒရာကြီးလို ကျယ်ပြောလှတဲ့ မိမိတို့ရဲ့ အတွင်းစိတ် အသိဉာဏ်ပညာနဲ့ ချိတ်ဆက်ပေးခြင်း၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းဓာတ်တွေကို သဟဇာတ ညီမျှစေခြင်း၊ Third eye chakra လို့ခေါ်တဲ့ အတွေးချက္ကရ ပိုမို ကောင်းမွန်စေရန် အဆောင်အဖြစ် ထားရှိနိုင်ခြင်း စတဲ့ ဂုဏ်သတ္တိတွေကြောင့် အခုလိုမျိုး ခေတ်အဆက်ဆက်မှာ တန်ဖိုးထား သုံးစွဲခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

ကနုကမာ အထပ်ပါတဲ့ ခရုခွံ၊ ကမာခွံလေးတွေကို ကမ္ဘာ့အပူပိုင်းဒေသတွေရဲ့ ကမ်းရိုးတန်းတွေမှာ တွေ့ရတတ်ပါတယ်။ ပစိဖိတ်တောင်ပိုင်းကျွန်းများ၊ ဖိလစ်ပိုင်ကျွန်းစု၊ ပနားမားနိုင်ငံ၊ ကယ်လီးဖိုးနီးယား ပြည်နယ်တောင်ပိုင်း၊ ဂျပန်ကျွန်းဆွယ်တဝိုက်၊ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတလျှောက်၊ ဩစတြေးလျတိုက် စတဲ့ နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ကနုကမာလေးတွေနဲ့ ရင်ထိုး၊ ကြယ်သီး၊ လည်ဆွဲ စတဲ့ လက်ဝတ်ရတနာများ ပြုလုပ်ခြင်း၊ ဆေးလိပ်ပြာခွက်၊ ဓားရိုး၊ ထီးရိုး၊ ဓာတ်ပုံဘောင် စတဲ့ လူ့အသုံးအဆောင် ပစ္စည်းများ ပြုလုပ်ခြင်း၊ တူရိယာနဲ့ အိမ်သုံးပရိဘောဂများမှာ ပန်းကွက်များဖော်ခြင်းစတဲ့ အသုံးအဆောင်ပစ္စည်းတွေ ပြုလုပ်ရာမှာ အသုံးပြုလေ့ ရှိပါတယ်။ ပလတ်စတစ်နဲ့ ပြုလုပ်တဲ့ ကနုကမာအတုများလည်း ရှိတတ်တာကြောင့် ဝယ်ယူတဲ့အခါမှာ အတုအပ သတိထားမိဖို့၊ စိတ်ချယုံကြည်ပြီး အာမခံပေးနိုင်တဲ့ဆိုင်တွေမှာ ဝယ်ယူမိဖို့ အရေးကြီးပါတယ်။ 

ကနုကမာလေးတွေအကြောင်းကို အသေးစိတ်သိချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ကိုယ်ကျ လေ့လာချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် နယူးယောက်မြို့ ဘရွတ်ကလင်မှာ ရှိတဲ့ ကျွန်မတို့ရဲ့ Ruby Mo Mo Jewelry ဆိုင်လေးကို လာရောက်လည်ပတ်နိုင်ပါတယ်။ တနင်္လာကလွဲပြီး တစ်ပတ်ကို ရက် မနက် ၁၀ နာရီကနေ ညနေ နာရီထိ ဖွင့်ပါတယ်။ လူကြီးမင်းတို့ သိလိုတဲ့ မေးခွန်းများကိုလည်း ဆိုင်မှ ကျွမ်းကျင်ဝန်ထမ်းများက စိတ်ရှည်လက်ရှည်နဲ့ ရှင်းလင်းဖြေဆိုပေးပါလိမ့်မယ်။ 

အားလုံးပဲ နောက်ထပ်ပို့စ်လေးတွေ၊ ဗီဒီယိုလေးတွေကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာချင်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ Ruby Mo Mo Jewelry Inc. စာမျက်နှာလေးကို Like & Follow လုပ်ထားလို့ ရပါတယ်။ ကိုယ်တိုင်လာရောက်ဖို့ အဆင်မပြေလို့ အွန်လိုင်းကနေ ကြည့်ရှုချင်တယ်ဆိုရင်တော့ www.rubymomojewelry.com မှာ ရှိတဲ့ လက်ဝတ်ရတနာ အဆောင်ကျောက်ပေါင်းများစွာကို လေ့လာဝယ်ယူနိုင်ပါတယ်လို့လည်း သတင်းစကား ပါးလိုက်ပါတယ်။ အားလုံးပဲ နောက်ပို့စ်လေးတွေမှာ ပြန်လည်ဆုံတွေ့ကြပါဦးမယ်နော်....